Friday, November 29, 2013

How To Unlock And Root Huawei Ascend Y300 (all versions)!!!

ကျွန်တော် ဒီပိုစ့်မှာ Huawei Y300 ကို Root လုပ်နည်းကိုတင်ပြပေးလိုက်ပါ။တောင်းဆိုထားတဲ့ သူငယ်ချင်း တွေအကြောင်းအမျိုးမျိုးကြောင့်ပိုစ့်တင်မှု့နောက်ကျရင်နားလည်ပေးပါ။
အောက်မှာ Huawei Y300 အတွက် step by step ရှင်းပြထားပါတယ်သေချာကြည့်ပေးပါ။
ဒါကတော့ Huawei Y300 ရဲ့ hardware versions တွေပါ....
  1. Huawei Y300 (T8833) -  TD-SCDMA / China Mobile
  2. Huawei Y300-0000 (U8833) - WCDMA China Unicom
  3. Huawei Y300-0100 (U8833) - WCDMA International
  4. Huawei Y300-0151 (U8833) - WCDMA Extra Frequency
လိုအပ်တာတွေကတော့...
  • Huawei Y300-0000 / Y300-0100 / Y300-0151
  • Windows PC
  • Y300 Root Tools & Huawei USB driver - Download 1.4
Unlock the bootloader အတွက် သူ့ရဲ့မူရင်း Huawei Y300 ဆိုဒ်မှာ သွားလုပ်လို့ရပါတယ်။
Y300-0000: Visit this website  Chinese language အတွက် Google translator ကိုအသုံးပြုပြီး
မိမိ  model ရွေးလို့ရပါတယ်။ ဒါကတော့  Huawei website ပါ။

အဲ့ဒီ့မှာသွားလုပ်ရင်တော့ unlock code ကို e-mail မှတဆင့်ပြန်ပို့ပါတယ်။ Wait 2-3 days ပါ။
ပြီးရင်အောက်ကအဆင့်တွေဖြည့်ပေးရပါတယ်..

  • S/N number (written on the label under the battery)
  • IMEI (Settings -> About phone -> Status) 
  • Product ID (dial *#*#1357946#*#*)


Unlock the bootloader

ကျွနိတော်အောက်မှာစလိုက်ကြရအောင်... သူငယ်ချင်းဖုန်းက  Huawei Y300 သေချာပြီဆိုရင်..
1) ဖုန်းကို Settings  -> Developer Options and make sure USB debugging လုပ်ထားပါ။
2) ပြီးရင် အပေါ်မှာ Downloaded package Y300-AiO-ROOT-v1.3.zip  ကို  Desktop ပေါ်မှာထားပါ
3) Huawei_Y300_drivers.exe ကို Install  လုပ်ပါ ဒေါင်းလော့စ်ဆွဲထားတဲ့ ဖိုင်ထဲမှာ
“MobilePhoneDrivers” ဆိုတာရှိပါတယ်။
4) Turn off your phone, remove the battery, wait 5 seconds.
5) ပြီးရင် battery ပြန်ထည့်ပါ။
6)  Volume DOWN button pressed for at least 10 seconds. Your phone should freeze on the splash screen (fastboot mode).
7) အိုကေ ဒါဆိုရင်သူငယ်ချင်းရဲ့ဖုန်းကို computer နဲ့ချိတ်ဆက်လိုက်ပါ။ Computer မှာ new device
တွေ့ရပါမယ်။
8) ပြီးရင်ဒေါင်းလော့စ်ဆွဲထားတဲ့ ဖိုင်ထဲကနေ “UnlockTools” ကိုဖွင့်လိုက်ပါ။ ပြီးရင် check_bootloader.bat   ဆိုတာကို double click လုပ်ပါ။ ခဏစောင့်ပါ သူအလုပ်လုပ်နေပါတယ်။
9) From the same folder double click unlock_bootloader.bat and when prompted enter the 16-digits unlock code you received from Huawei.
10) The phone will execute some checks, restore factory settings and finally reboot (this may take while)

display “Bootloader Lock State: Unlocked”
 

Flash custom recovery

TWRP v2.5 custom recovery for Y300 information on the developers page.
  1. Turn off your phone, remove the battery, wait 5 seconds ပြီးရင် battery ကိုပြန်ထည့်ပါ။
  2.  Volume DOWN button pressed for at least 10 seconds. Your phone should freeze on the splash screen (fastboot mode).
  3. Connect your phone to your computer.
  4. From the folder “UnlockTools” run flash_recovery.bat and follow the steps.
  5. When the recovery has been flashed successfully, your phone will reboot (this may take a while).

Flash SuperSU tool

Finally we will install the latest SuperSU tool.
1) “SuperSU-ROOT.zip”  ကို Copy လုပ်ပြီး  SD card ထဲထည့်ပါ။
2) Turn of your phone.
3)  Hold the Volume UP and Power button  TWRP recovery menu is displayed.
4) TWRP menu ကနေ SD card ထဲမှာရှိတဲ့  ”SuperSU-ROOT.zip” ကို “Install” လုပ်ပါမယ်။
5) Install ပြီးသွားရင် “Reboot system” ကိုရွေးပါ။ reboot your phone.

All Done! If there is a SuperSU icon on your phone, it means the root process was successfull.
အားလုံးအဆင်ပြေကြပါစေ။  

မှက်ချက်။ ။ Root / Rom/Recovery/Frimware/reset to factory  စသည်တို့ပြုလုပ်ခြင်းသည်
ပြုလုပ်သူ၏ကျွမ်းကျင်မှု 50% ပါဝင်ပါသောကြောင့် အကြောင်းအမျိုးမျိုးကြောင့်တစ်စုံတရာအမှား
အယွင်းများရှိပါလျှင် ပိုစ့်တင်သူမှတာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။


                                       www.mm-knowledge.com

                                              နည်းပညာမြို့တော် မှ ကူးယူဖော်ပြသည်။

Thursday, September 5, 2013

မိန်းမ လေးမျိုး

က) ရုပ်လည်းမချော၊ ဥစ္စာလည်းမပေါ၊သြဇာလည်းမရှိသူ
လောကတွင် အချို့ မိန်းမတို့သည်
၁) ဒေါသကြီး၏၊
သူများက နည်းနည်းပါးပါး မခံချင်အောင်ပြောလျှင် စိတ်ဆိုး၍ မပြီးနိုင်၊
နေရာတိုင်းတွင် မနှစ်သက်မကျေနပ်သော အမူအရာကို ပြတတ်၏။
၂) စွန့်ကြဲပေးကမ်း
လှူဒါန်းလေ့ မရှိ၊
၃) ကိုယ့်ထက်သာလျှင် မနာလိုတတ်...
ထိုမိန်းမတို့သည် နောက်ဘ၀တွင် ဒေါသကြီးသောကြောင့် ရုပ်ဆိုးသည်။ စွန့်ကြဲပေးကမ်းခြင်းမရှိသောကြောင့်ဥစ္စာပစ္စည်း ဆင်းရဲ သည်။
မနာလိုသောကြောင့် သြဇာမရှိသူ ဖြစ်ရသည်...

ခ)ရုပ်လည်းမချောပါ။ သို့သော်ဥစ္စာပေါပြီး သြဇာရှိသူ
လောကတွင် အချို့ မိန်းမတို့သည်
၁) ဒေါသကြီးသည်။
၂) စွန့်ကြဲပေးကမ်းလေ့ ရှိသည်။
၃)မနာလိုစိတ်မရှိ။
ထိုမိန်းမတို့သည် နောက်ဘ၀ တွင် အရုပ်ဆိုးသည်။သို့သော်ဥစ္စာပေါပြီး သြဇာရှိသူဖြစ်ရသည်။

ဂ) ရုပ်ချောသော်လည်း စည်းစိမ်ဥစ္စာ နှင့် သြဇာမရှိသူ
လောကတွင် အချို့ မိန်းမတို့သည်
၁)ဒေါသမကြီးတတ်
၂) စွန့်ကြဲပေးကမ်းလေ့ မရှိ
၃) မနာလိုသော စိတ်ရှိတတ်သည်။
ထိုမိန်းမတို့သည် နောက်ဘ၀ တွင် ရုပ်ချောသော်လည်း စည်းစိမ်ဥစ္စာ နှင့် သြဇာမရှိသူဖြစ်ရသည်။

ဃ) ရုပ်ချော၊ ဥစ္စာပေါ၍ သြဇာရှိသူ
လောကတွင် အချို့ မိန်းမတို့သည်
၁) ဒေါသမကြီးတတ်
၂) စွန့်ကြဲပေးကမ်းတတ်သည်။
၃) မနာလိုစိတ်လည်းမရှိပေ။
ထိုမိန်းမတို့သည် နောက်ဘ၀တွင် ဥစ္စာပေါ၊ ရုပ်ချော ၍ သြဇာအာဏာရှိသူ ဖြစ်ရသည်။

အရှင်ဇနကာဘိဝံသ (ဗုဒ္ဓဘာသာ လက်စွဲစာအုပ်မှ)
ပန်းချီ- Indoxotic

မေတ္တာဖြင့် စာစီပူဇော်သူ
အနှိုင်းမဲ့စာတိုပေစများ
www.infinitydhamma.com

အေးချမ်းမွန် Credit To >အနှိုင်းမဲ့ စာတိုပေစများ < Thanks
Re-posted By ACM 6-9-2013
https://www.facebook.com/excellencemedia
 

ဟင်္သာတမြို့နယ် ဒူးယားတိုက်နယ်တွင် ဥပုသ်သည် ၁၅၆ ဦး အစာအဆိပ်သင့်

ဟင်္သာတမြို့နယ်၊ ဒူးယားတိုက်နယ်၊ လိန်ကုန်း ဘုန်းတော်ကြီးကျောင်းတွင် စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ဥပုသ်သည် ၁၅၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါနေ့ နံနက် ၈ နာရီခန့်တွင် စတင်လှူဒါန်းသည့် ကြာဇံဟင်းခါးကို သောက်မိကြရာမှ ညနေ ၂ နာရီခန့်မှစ၍ လိန်ကုန်း ကျေးရွာမှ ဥပုသ်သည် ၁၅၆ ဦး (ကျား ၆၀/မ ၉၆)အစာ အဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း၊ လူနာ ၁၂ ဦးအား ဒူးယား တိုက်နယ်ဆေးရုံတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိပြီး အသက် ၉၀ အရွယ် အဘွားအို တစ်ဦးအား ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ခေါ်ယူကာ ကျန်းမာရေး စောင့်ရှောက်မှု ပေးထားကြောင်း၊ အတွင်းလူနာများ အားလုံး အခြေအနေ ကောင်းမွန်လျက် ရှိကြောင်း၊ ပြင်ပလူနာ ၁၄၃ ဦးမှာလည်း ရောဂါလက္ခဏာ သာမန်မျှသာ ရှိသဖြင့် မစိုးရိမ်ရကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက ပြောကြားသည်။

လိန်ကုန်းကျောင်းတိုက် ဆရာတော်ကြီး ဦးဝိမလသိဒ္ဓိက ''ဥပုသ်သည်တွေက ၂၀၀ ကျော်တယ်။ အစာအဆိပ် သင့်တာက ၁၅၀ လောက်ဖြစ်တယ်။ ဘုန်းကြီးလည်း ဘုဉ်းပေးတာပဲ။ ဒါပေမဲ့ ဘာမှမဖြစ်ဘူး။ အစာအဆိပ်သင့်တဲ့ ဥပုသ်သည်တွေကို မြို့နယ်က တာဝန်ရှိတဲ့ သူတွေနဲ့အတူ ခရိုင်ဆေးရုံအုပ်ကြီးလာပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့တယ်။ ဆေးရုံကို ရောက်နေတဲ့သူတွေ အားလုံး မစိုးရိမ်ရဘူးလို့ သိရတယ်'' ဟု မိန့်ကြားသည်။

ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက ''အဲဒီနေ့မှာ ဒူးယားတိုက်နယ် ဆေးရုံက လူနာတွေကို အရင်ကြည့်ခဲ့တယ်။ ည ၇ နာရီလောက်မှာ ဘုန်းကြီးကျောင်းကိုလည်း သွားပြီး ကျန်တဲ့သူတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့တယ်။ ဟင်္သာတ ဆေးရုံကို အသက် ၉၀ အရွယ် အဘွားအိုကို ခေါ်လာခဲ့ပါတယ်။ ဒူးယားဆေးရုံက လူနာတွေကတော့ နှစ်ရက်လောက်ဆိုရင် ဆေးရုံက ဆင်းလို့ရပါပြီ။ ဟင်္သာတဆေးရုံက အဘွားကိုတော့ ခံနိုင်ရည် မရှိမှာ စိုးတဲ့အပြင် တခြားကျန်းမာရေး စစ်ဆေးစောင့်ရှောက်မှုတွေ လုပ်ပေးနိုင်တာကြောင့် ရက်အနည်းငယ် ပိုနေရ နိုင်ပါ တယ်'' ဟု ပြောကြားသည်။

''ချက်ပြုတ်ခဲ့တဲ့ နေရာက မိုးရွာမှာစိုး လို့ဆိုပြီး နွားတင်းကုပ်ထဲမှာ ချက်တယ်လို့ သိရတယ်။ အနားမှာ ဓာတ်မြေသြဇာ အိတ်တွေလည်း ရှိပုံရတယ်။ ကနဦးအနေနဲ့ အစာအဆိပ် သင့်တယ်လို့ပဲ သတ်မှတ်ပါတယ်။ ၅ ရက်နေ့ နံနက်ပိုင်းမှာ အစားအစာကို စစ်ဆေးဖို့ ရန်ကုန်က ဓာတ်ခွဲဌာနကို ပို့လိုက်ပါပြီ'' ဒေါက်တာကြည်စိုးက ဆက်လက် ပြောကြားသည်။

အစာအဆိပ်သင့်မှုကြောင့် ဟင်္သာတဆေးရုံတွင် တက်ရောက် ဆေးကုသနေသော အသက် ၉၀ အရွယ် အဘွားအိုအား တွေ့ရစဉ်

အေးချမ်းမွန် Credit To > Eleven Media Group < Thanks
Re-posted By ACM 6-9-2013
https://www.facebook.com/excellencemedia
 

Sunday, August 25, 2013

ကန့်ဘလူ ပဋိပက္ခ အိမ်ခြေ 50 ပျက်စီး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထန်းကုန်းရွာက အမျိုးသမီးတဦးကို မွတ်ဆလင် အမျိုးသား တဦးက ဆွဲလား ရမ်းလား လုပ်ခဲ့တဲ့ အတွက် လူမျိုးရေး ဘာသာရေး နွယ်တဲ့ ပဋိပက္ခတခု မနေ့က ဖြစ်ပွားရာ၊ အိမ်ခြေ ၅၀ လောက် ပျက်စီး သွားခဲ့ပါတယ်။

ဒေါ်သဖြစ်နေတဲ့ ရာနဲ့ချီတဲ့ လူအုပ်တွကနေ မွတ်ဆလင် နေအိမ်တွေ ဆိုင်ခန်းတွေကို ဖျက်ဆီးမီးရှို့ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအတွက် ရဲကနေ သေနတ်ပစ်ဖေါက် လူစုခွဲခဲ့ရတယ်လို့ သိရပါတယ်။

မီးရှို့သူ ၁၁ ဦးကို ရဲက ဖမ်းဆီးထားပြီး၊ အမျိုးသမီးကို ဆွဲလား ရမ်းလား လုပ်ခဲ့တဲ့ မွတ်ဆလင် အမျိုးသားကိုလည်း ရဲက ထိန်းသိမ်းထားပါတယ်။

bbc

Wednesday, August 21, 2013

ကမ္ဘာကျော် အနမ်း၏ နောက်ကွယ်

ပုံမှာ မြင်တွေ့ရတဲ့ အနမ်းကတော့ ကမ္ဘာကျော် အနမ်း ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ ညနေက ဖြစ်ပါတယ်။

ဂျပန်တို့ လက်နက်ချ အညံ့ခံလို့ စစ်ပြီးပြီဖြစ်ကြောင်း ရေဒီယိုက ကြေညာ လိုက်တဲ့အခါ နယူးယောက်မြို့ ထဲ လမ်းမပေါ်ကို ပြည်သူများ ထွက်လို့ အောင်ပွဲခံကြပါတယ်။ ယင်းအောင်ပွဲခံမှုထဲမှာ သင်္ဘောသား တစ်ဦးက သူနာပြု အမျိုးသမီး တစ်ဦးကို ထွေးပွေ့လို့ ဖက်နမ်းနေတဲ့ ပုံကို Alfred Eisenstaedt အမည်ရ ဓာတ်ပုံဆရာက အမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။

တော်တော်လှပတဲ့ Post လေးမို့ Life မဂ္ဂဇင်းထဲမှာပုံ ကြီးကြီးနဲ့ ဖော်ပြရာ ကမ္ဘာကျော် သွားရပါတယ်။ V-J Day in Times Square, V-Day နဲ့The Kiss ဆိုပြီး အမည်အမျိုးမျိုးနဲ့ ခေါင်းစဉ် တပ်လို့ တစ်ဆင့်ပြန်လည် ဖော်ပြကြပါတယ်။ ပုံထဲက လူ ၂ ဦးဟာ ဘယ်သူလည်း ဆိုတာ နှစ်အတော်ကြာ အငြင်းပွားခဲ့ကြပါတယ်။ ဘာလို့လဲဆို ဂျာနယ်၊ မဂ္ဂဇင်းတွေမှာကျ ဘာ Personal အချက်အလက်မှ မဖော်ပြထားလို့ ဖြစ်ပါတယ်။

နောက်ဆုံး သိလိုက်တဲ့ အဖြေကတော့ Edith Shain အမည်ရ အမျိုးသမီးက ဓာတ်ပုံထဲက သူနာပြု ဖြစ်ပြီး ၂၀၁၀ ခုနှစ် အသက် ၉၁ နှစ် အရွယ်မှာ အသဲကင်ဆာနဲ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ သူ ရှိစဉ် ကာလပတ်လုံးလည်း ထင်ရှား ကျော်ကြားခဲ့ရပါတယ်။ အမျိုးသားကတော့ ရေတပ် သင်္ဘောသား George Mendonça ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ တစ်ယောက်ကို တစ်ယောက် မသိကြပါဘူး။

ရေတပ်သား George ဟာ နယူးယောက်မြို့ က ရုပ်ရှင်ရုံ တစ်ခုမှာ သူ့ချစ်သူနဲ့ ချိန်းလို့ ရုပ်ရှင်ကြည့်ဖို့လာပြီး နာ့စ်မ Shain ကတော့ ဆေးရုံကို အဖော်တစ်ဦးနဲ့ သွားနေပါတယ်။ ရုပ်ရှင်ရုံထဲမှာ ကြည့်ဖို့ စောင့်ဆိုင်း နေစဉ် ရေဒီယိုမှာ စစ်ပြီးပြီလို့ ကြေညာလိုက်တာကြောင့် အားလုံး အပြင်ထွက်လို့ အောင်ပွဲ ခံပါတယ်။ သင်္ဘောသားရဲ့  ချစ်သူလည်း အောင်ပွဲခံလို့ လမ်းမှာ ရှာလို့တောင် မတွေ့ပါဘူး။ (နောက်တော့ သူ့ဇနီး ဖြစ်သွား ပါတယ်)။ ဒါနဲ့ လမ်းမမှာ ယူနီဖောင်း အဖြူရောင်နဲ့ နာစ်မ ကို တွေ့တော့ ထွေးပွေ့ဖက်နမ်း လိုက်ပြီး ဓာတ်ပုံ ဘေးမှာ ဓာတ်ပုံရိုက်နေသံ ကိုလည်း ကြားလိုက်ပါတယ်။ နမ်းလို့အပြီးမှာတော့ အားလုံး အောင်ပွဲခံ ပျော်နေကြချိန်ဆိုတော့ ဘယ်သူမှ သတိမထားမိပါဘူး။ သူတို့နှစ်ယောက်လည်း တစ်ဦးကို တစ်ဦး သတိမထား မိခဲ့ကြပါတယ်။

အနမ်းပြီးဆုံးသွားတော့ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက် စကားလေးတောင် မပြောခဲ့ကြပါဘူး။ နောက်မှ သိရတာတော့ သင်္ဘောသား ဖြစ်သူဟာ အရက်နည်းနည်း မူးနေပြီး ယူနီဖောင်းနဲ့ သူနာပြုဆိုတော့ တိုက်ပွဲ တွေကြားမှာ ဆုံဖူးတယ်လို့ မှတ်ယူကာ နမ်းခဲ့ခြင်း ဖြစ်ပါတယ်။ သူနာပြု အမျိုးသမီးကလည်း တိုက်ပွဲကနေ ပြန်လာတဲ့ စစ်သားမို့လို့ မငြင်းဆန်ပဲ လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာကျော်အနမ်း ဖြစ်ခဲ့ပေမယ့် တစ်ယောက်ကို တစ်ယောက် မသိပဲ နမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကို အနောက်တိုင်းရဲ့  ပွင့်လင်းတဲ့ ယဉ်ကျေးမှုလို့ပဲ ဆိုရတော့ မလို ဖြစ်ပြီး ငိုအားထက် ရယ်အားသန်စရာ ဖြစ်ရပ် တစ်ခုအဖြစ် သမိုင်းထဲ ကျန်ရှိခဲ့ကြောင်း သိရပါတယ်။
----

အောင်ခမ်း (ရိုးရာလေး)

Ref: wiki