Thursday, July 25, 2013

မိုးညှင်းမြို့တွင်နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွား

Thursday, July 25, 2013

ဇူလိုင်လ၂၂ရက်နေ့ နံနက် ၀၀း၁၅နာရီတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အောင်သပြေ ရပ်­­ကွက်(၃)ရှိ ရာဘာခြံတဲအတွင်း၌ ဓားဖြင့်ထိုးသတ်ခံရ၍ လူနှစ်ယောက်သေဆုံးသွားကြောင်း သိရသည်။

အာင်သပြေ(၃)ရပ်ကွက်နေ ၀င်းချစ်(ခ)ချစ်ထူး သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဂျာတောင်(ခ)မညိုနှင့် ယင်းရပ်ကွက်တွင် နေထိုင်သော ဦးစံမူ၏ ရာဘာခြံစောင့် ဖြစ်သူ ဇော်ရာနော်(ခ)ဇော်မိုင်နှင့် လူမှုရေး ဖောက်ပြန်နေကြောင်း သိရ ၍ ဇူလိုင်လ ၂၂ရက်နေ့ ၀၀း၁၅ နာရီ အချိန်ခန့်တွင် ဦးစံမူ၏ ရာဘာခြံတဲအတွင်း ၌ ၎င်းတို့နှစ်ဦး လူမှုရေးဖောက်ပြန်နေသည်ကို တွေ့ရ၍ ၀င်ရောက်ဖမ်းဆီးစဉ် လုံးထွေးသတ်ပုတ်ရာမှ အသင့်ယူလာသော ဓားမြှောင်ဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

ဒ်ါဂျာတောင်(ခ)မညို (၄၃)နှစ်သည် ကိုယ်အောက်ပိုင်း အ၀တ်စားမဲ့ နေပြီး (ယာဘက်)နောက်ကျောဘက်နှင့် (ယာဘက်)လက်တံတွင် ဓားဒဏ်ချက်တစ်ချက်စီနှင့် ပက်လက်အနေအထား သေဆုံးနေပြီး ဇော်ရာနော်(ခ)နောမိုင်(၃၅)နှစ် (ဦးစံမူ၏ ရာဘာခြံစောင့်)သည် အ၀တ်စားမဲ့နေပြီး ၀ဲဘက်ရင်အုံတွင် ၂လက်မခန့် ဓားဒဏ်ရာ၊ ၀ဲဘက်ရင်အုံ အောက်တစ်လက်မခန့်တွင် ဓားဒဏ်ရာ၊ ချက်အောက်တွင် ဓားဒဏ်ရာနှင့် အူထွက်လျက် သေဆုံးနေသည်ကို တွေ့ရသည်၊

အခင်းဖြစ်ရာသို့ မိုးညှင်းရဲစခန်း စခန်းမှူး ဒုရဲမှူးလှထွေး၊ နယ်ထိန်း ဒုရဲအုပ်မြင့်လွင်၊ ဒုရဲအုပ်စိုင်းဝင်းမျိုးတို့ အဖွဲ့နှင့် အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနော်လာ၊ ရာအိမ်မှူး ဦးမြလွင်တို့ သွားရောက် စစ်ဆေးကာ အရိုးအသွား (၁၂)လက်မခန့် ဓားဦးချွှန် (၁)ချောင်းကို သိမ်းဆီးခဲ့ကြောင်း သိရသည်။

ဒ်ါဂျာတော့(ခ)မညို နှင့် ဇော်ရာနော်(ခ)နော်မိုင် တို့အား ဓားဖြင့်ထိုးသတ်သူ ၀င်းချစ်(ခ)ချစ်တူး ၅/ကလတ(နိုင်)၀၄၂၉၁၇ အသက်(၄၄)နှစ်အား ပ ၅၁/၂၀၁၃ ပြစ်မှုပုဒ်မ(၃၀၂)ဖြင့် ဒုရဲအုပ်စိုင်းဝင်းမျိုးမှ တရားလိုပြုလုပ်ကာ တရားစွဲဆိုထားကြောင်း သိရသည်။

ကိုကိုနိုင်

မြန်မာ့ခေတ်

No comments:

Post a Comment