Google Chromecastက အကောင်းဆုံး စွမ်းဆောင်မှုပေးနိုင်
Googleက သူ့ရဲ့ Internet စနစ်နဲ့ ချိတ်ဆက် ကြည့်ရှုနိုင်မယ့် TVမှာ တပ်ဆင်
အသုံးပြုရမယ့် ပစ္စည်းသစ်တစ်ခုကို ဒီနေ့ပဲ မိတ်ဆက်လိုက်ပါတယ်။ သူ့ကိုတော့
Chromecastလို့ အမည်ပေးထားပြီး Play Storeက တဆင့် ၀ယ်ယူနိုင်မှာ
ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ ပစ္စည်းသစ်ဟာ သင့်ရဲ့ ကွန်ပျူတာနဲ့ TVတွေမှာ
အလွယ်တကူ ချိတ်ဆက် သုံးစွဲနိုင်မှာ ဖြစ်ပြီးတော့ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့
အားသာချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဈေးနှုန်းသက်သာခြင်း – Chromecastတစ်ခုကို ဒေါ်လာ ၃၅ပဲ ဖြစ်တာကြောင့်
အခြားသော ဈေးကွက် အပြိုင် ပစ္စည်းတွေ ဖြစ်တဲ့ Rokuက ဒေါ်လာ ၁၀၀ထက်
သက်သာလှပါတယ်။
(၂) အရွယ်အစား သေးငယ်ခြင်း – များစွာသော TVနဲ့
ဆက်စပ် ရုပ်သံ ဖမ်းစက်တွေက Boxပုံစံနဲ့ ၀င်ရောက်တတ်ပေမယ့် Chromecastကတော့
Stickပုံစံနဲ့ ဈေးကွက် ၀င်လာတာ ဖြစ်တာကြောင့် နေရာယူမှုနဲ့
သယ်ဆောင်ရမှုတွေမှာ လွယ်ကူမှာ ဖြစ်ပါတယ်။
(၃) နောက်ပြီး
အစီအစဉ်များစွာ ဖမ်းယူနိုင် – Stickဟာ YouTube, Netflix, Google Play
Moviesနဲ့ TVလိုင်း အစုံကို ဖမ်းယူကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
(၄) ဖုန်းတွေနဲ့ ချိတ်ဆက်နိုင်မှု – Chromecastဟာ Androidနဲ့ iOSစနစ်သုံး
ဖုန်းတွေ၊ Tabletတွေနဲ့ပါ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်လို့ တကယ်ကို
အသုံးဝင်လှပါတယ်။
(၅) TVတိုင်းနီးပါး ချိတ်ဆက်နိုင် – HDMI
Portပါရှိတဲ့ TVတိုင်းနဲ့ ချိတ်ဆက် သုံးစွဲနိုင်မှာ ဖြစ်ပြီးတော့ Smart
TVတစ်လုံးသာ ပိုင်ဆိုင်ထားရင် အဆင်ပြေမှာ ဖြစ်ပါတယ်။
Ref : http://www.theatlanticwire.com/technology/2013/07/what-makes-googles-chromecast-better-all-other-web-tv-devices/6760/
No comments:
Post a Comment