Wednesday, July 31, 2013

၁၅၀၀တန် GSMဖုန်းတွေ ၁သိန်းကျော် ဈေးပေါက် Wednesday, July 31, 2013


မြန်မာ ဆက်သွယ်ရေး လုပ်ငန်းက ဇူလိုင်လ ၂၅ ရက်နေ့က စတင် ရောင်းချပေးခဲ့ပြီး ကျေးရွာ၊ ရပ်ကွက် များတွင် မဲစနစ်နဲ့ ၀ယ်ယူရတဲ့ တန်ဖိုးနည်း ၁၅၀၀တန် ဖုန်းတွေရဲ့ ဈေးကွက်ကတော့ နောက်တစ်ကြိမ် လှုပ်ခတ်လာတာ တွေ့ရပါတယ်။

ဇူလိုင်လ အတွင်းကမှ စတင် ချထားပေးခဲ့တဲ့ ၁၅၀၀တန် GSM ဆင်းကတ် တွေကြောင့် တန်ဖိုးနည်းဖုန်း ၀ယ်၊ ရောင်းလောကမှာ လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ဖုန်းကတ်တွေရဲ့ ဈေးနှုန်းဟာ ကျပ် ၁သိန်းကနေ ကျပ် တစ်သိန်းတစ်သောင်း ထိအောင် ဈေးကွက်မှာ အရောင်းအ၀ယ် ဖြစ်နေတယ်လို့ သိရပါတယ်။

ကျွန်တော်တို့ဆီမှာက အရင်ကတည်းက GSMအစွဲရှိခဲ့ကြတော့ အရင်က CDMAဆင်းကတ်တွေ ချထား ပေးချိန်ကထက် ဈေးပိုပေးပြီး ၀ယ်ယူလာတာ ဖြစ်နိုင်တယ်လို့ ဖုန်းဝယ်၊ရောင်း လုပ်သူ တစ်ယောက်က ပြောပါတယ်။ ယခင် ၁၅၀၀တန် CDMAဆင်းကတ်များ ရောင်းချ ပေးစဉ်ကလည်း ယခုလိုမျိုး ဈေးနှုန်းမြင့်တက် ရောင်းဝယ်မှုတွေ ဖြစ်ပေါ်ခဲ့သေးပြီး CDMAကတ် တစ်ကတ်လျှင် ကျပ် ၇သောင်းလောက်ထိ မြင့်တက် ခဲ့သော်လည်း ယခု GSMကတ် တွေကတော့ တစ်သိန်းကျော်အောင် ဈေးတက်သွားတာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ အဖြစ်နဲ့တော့ GSM ကတ်တွေ ဈေးကွက် ၀င်ရောက်လာတဲ့ အတွက် ယခင် ရှိပြီးသား CDMAကတ်တွေ ဈေးလျော့ကျ သွားတယ်လို့ သိရပါတယ်။

ယခင် ကျပ် ၇သောင်းဝန်းကျင်ရှိ CDMAကတ် တွေက လက်ရှိမှာ ကျပ် ၅သောင်း ၀န်းကျင်နဲ့သာ အရောင်းအ၀ယ် ဖြစ်တော့တယ်လို့ ဆိုပါတယ်။

Myanmar ICT

No comments:

Post a Comment