ခြေလက်တွေမလှုပ်ချင်ဘူး
မိတ္တူပွားလို့မရတဲ ကြက်သွေးရောင်ညနေခင်းနဲ့
နာရီလက်တံတွေ
အဲဒီအတိတ်ကို လမ်းပြဖြစ်စေခဲ့တယ် မေ....
ရင်ထဲကို သံမှိုစွဲလို့မရ
ရေးလက်စ သီချင်းက ပြာဖြစ်သွား
ရယ်ခဲ့ ငိုခဲ့ ......
................
..................
ဘ၀က ခပ်ဆိုးဆိုးအစွယ်နဲ့ သတ္တ၀ါတစ်ကောင်လား
ဘာတွေလဲ...ဘာလဲ
ခံစားလို့်မရဘူးဆိုတဲ့ ကဗျာတစ်ပုဒ်က
အဲဒီ ကောင်းကင်ရဲ့ မျက်ရည်ဖြစ်ခဲ့တာ။
စိုင်းသူရ (ကုန်းမြင့်မြေ)
No comments:
Post a Comment